ရန်ကုန်မြို့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို အကာအကွယ်ရရန် အရံအတားများပြုလုပ်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်နေ

ရန်ကုန်မြို့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကို အကာအကွယ်ရရန် အရံအတားများပြုလုပ်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်နေ
ဖေဖော်ဝါရီ 28, 2021 | နိုင်ငံရေး

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်နေသည့် ပြည်သူလူထုကို  နံနက် (၈) နာရီခွဲဝန်းကျင်မှစ၍ စစ်တပ်နှင့်ရဲတပ်ဖွဲ့က လက်နက်ဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းကို လုပ်ဆောင်နေကြရာ လမ်းများတွင် အကာအကွယ်ရရှိစေရေးအတွက် ရနိုင်သမျှပစ္စည်းမျိုးစုံဖြင့် အရံအတားများကို ပြည်သူလူထုက စုပေါင်းလုပ်ဆောင်နေကြပြီး ဆက်လက်ဆန္ဒထုတ်ဖေါ်နေကြသည်။

စစ်အာဏာသိမ်းထားသည့် (၂၈) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) နေ့၌ တစ်နိုင်ငံလုံးမှ စစ်အာဏာရှင်စနစ် လက်မခံသူများက အထွေထွေသပိတ်အဖြစ် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

ဖေါ်ဝါရီလ (၁) ရက်နေ့တွင် အစိုးရအဖွဲ့အားဖမ်း၍ နိုင်ငံတော်အာဏာရယူထားသည့် စစ်တပ်က သတင်းမီဒီယာများအနေဖြင့် စစ်အာဏာသိမ်းစစ်အစိုးရဟု သုံးစွဲပါက သတင်းဌာနများကို ပိတ်ပစ်မည်ဟု ပြောဆိုထားသည်။

Tachileik News Agency