အာဏာသိမ်းအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ထဲမှ အမှုရင်ဆိုင်ဆဲ (၁၁၄) ဦးကို အမှုပိတ်ပေး

အာဏာသိမ်းအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ထဲမှ အမှုရင်ဆိုင်ဆဲ (၁၁၄) ဦးကို အမှုပိတ်ပေး
အောက်တိုဘာ 15, 2021 | နိုင်ငံရေး| ရှမ်းတောင်

အဏာသိမ်းစစ်တပ်က တရားရုံးအသီးသီးတွင် တရားစွဲဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၇)ဖွဲ့မှ စုစုပေါင်း (၁၁၄) ဦးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် အမှုပိတ်သိမ်းပေးသည်ဟု ကြေညာသည်။

အမှုပိတ်သိမ်းသည်ဟု ကြေညာသည့်အရေအတွက်တွင် ရခိုင့်တပ်တော် AA မှ (၆၁) ဦး၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ (၂၃)ဦး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) ( (KNU/KNLA-PC) မှ (၁)ဦး၊ ကိုးကန့်တပ်မတော် MNDAA မှ (၁)ဦး၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA မှ (၁၂)ဦး၊ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA မှ (၅)ဦးနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ (၁၁)ဦး ပါဝင်သည်ကိုတွေ့ရပြီး အမှုပိတ်ပြီး ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ လွှတ်မည်ဟု အာဏာသိမ်းအဖွဲ့က ကြေညာထားသည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိကာလအတွင်း အာဏာသိမ်းမှုကိုဆန့်ကျင်သည့်ပြည်သူ စုစုပေါင်း (၇၂၄၀) ဦးကို ဖမ်းဆီးထားသည့် အာဏာသိမ်းအဖွဲ့က တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (၆)နှစ်ပြည့်သည့် အောက်တိုဘာလ (၁၅) ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့မှ အမှုရင်ဆိုင်နေရသူများကို အမှုပိတ်ပေးလာခြင်းဖြစ်သည်။