တနင်္သာရီတွင် စစ်ကောင်စီတပ်ဖွဲ့များကို PDF ပူးပေါင်းအဖွဲ့က ပျောက်ကျားတိုက်ခိုက်

တနင်္သာရီတွင် စစ်ကောင်စီတပ်ဖွဲ့များကို PDF ပူးပေါင်းအဖွဲ့က ပျောက်ကျားတိုက်ခိုက်
By Tachileik News Agency

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ (၁၊၂)၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့နှင့် တနင်္သာရီရိုးမအဖွဲ့တို့ပူးပေါင်း၍ ပျောက်ကျားစနစ်ဖြင့် နှစ်ရက်တာ တိုက်ခိုက်မှုအတွင်း သေနတ်တစ်လက်သိမ်းဆည်းရမိသည်ဟု သိရသည်။

တောင်ပိုင်းစစ်ဒေသ သတင်းနှင့် ပြန်ကြားရေးက ယနေ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် သတင်းထုတ်ပြန်ချက်အရ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်တွင် သေဆုံးသူရှိသည်ဟု ဆိုသည်။

PDF ပူးပေါင်းအဖွဲ့က တနင်္သာရီမြို့နယ်အတွင်း မော်တုန်းကျေးရွာအနီးရှိ အမတ(၃၀၆)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင်လည်းကောင်း ဗောဓိကမ်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင်လည်းကောင်း သွားရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ MA 2သေနတ်တစ်လက်ကို ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။