တာချီလိတ်မြို့ အပါအဝင် ဒေသအသီးသီးမှ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၏ လက်/ညွှန် နှင့် ဦးစီးအရာရှိ (၂၉)ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံထားရ

တာချီလိတ်မြို့ အပါအဝင် ဒေသအသီးသီးမှ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၏ လက်/ညွှန် နှင့် ဦးစီးအရာရှိ (၂၉)ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံထားရ

 အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနမှ စစ်အာဏာရှင်စနစ် လက်မခံသည့် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အရာထမ်း (၂၉) ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ 

နေပြည်တော်ရုံးချုပ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ လက်ထောက်ညွှန်ကြားရေးမှူး (၁၀) ဦးနှင့် နေပြည်တော်ရုံးချုပ်၊ စစ်ကိုင်း၊ မွန်၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီနှင့် ရန်ကုန်တို့မှ ဦးစီးအရာရှိ (၁၉) ဦး စုစုပေါင်း (၂၉)ဦးတို့အား ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူရွေးကောက်ထားသည့် အစိုးရအား ဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့်ပြည်သူများက ငြိမ်းချမ်းသည့် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။



Tachileik News Agency