"ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် ပြည်သူနှင့် တစ်သားတည်း ယနေ့မှစ CDM စတင်ပါမည်" ဒုလဝကမှူး ဦးပြည့်စုံမိုးမြင့်

"ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် ပြည်သူနှင့် တစ်သားတည်း ယနေ့မှစ CDM စတင်ပါမည်" ဒုလဝကမှူး ဦးပြည့်စုံမိုးမြင့်

ကယားပြည်နယ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုလဝကမှူးတစ်ဦးက ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့မှ၍ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM တွင် ပါဝင်လာသည်။



"ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အတွက် ပြည်သူနှင့် တစ်သားတည်း ယနေ့မှစ CDM စတင်ပါမည်"ဟု ဒုလဝကမှူး ဦးပြည့်စုံမိုးမြင့်က အသိပေးထားခြင်းဖြစ်သည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူတင်မြှောက်ထားသည့် အစိုးရကိုဖမ်းပြီး နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDM လုပ်ဆောင်နေကြခြင်းဖြစ်သည်။



အာဏာသိမ်းထားသည့်စစ်တပ်က ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးကောင်စီက CDM ဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများအား ပစ်ခတ်နှိမ်နှင်းခြင်း၊ ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများအား ဖမ်းဆီးခြင်းများကိုလည်း လုပ်ဆောင်နေသော်လည်း ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်နေဆဲဖြစ်သည်။

Tachileik News Agency