ကျိုင်းတုံလူငယ်များ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စာသား ဖျက်ဆီးခံရ

ကျိုင်းတုံလူငယ်များ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စာသား ဖျက်ဆီးခံရ
ဖေဖော်ဝါရီ 26, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နေလူငယ်များက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးစာသားဖြစ်သည့်  Reject Military Coup စာသားကို   ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နေ့လည်ပိုင်းက ပုံဖော်ထားရာ ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။



"ဒီနေ့တွေ့ခဲ့တာတော့ စာသားတွေ ဖျက်ဆီးခံထားရတာတွေ့ခဲ့ရတယ်။ အဲ့နားမှာ တပ်က စောင့်နေတာလည်းတွေ့ရတယ်။ ကျွန်တော်တို့ လူငယ်တွေ စစ်အာဏာရှင်စနစ်ကို မလိုလားဘူးဆိုတာကို တနည်းမဟုတ် တနည်းတော့ ဆက်ပြီးလုပ်ဆောင်ပြသသွားမှာပါ"ဟု ကျိုင်းတုံမြို့နေ လူငယ်တစ်ဦးက ပြောသည်။



ကျိုင်းတုံမြို့တွင်  လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှာမှုများကို နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြပြီး ယခုလို စာသားများကို မြို့ထဲမဟုတ်သည့် အခြားနေရာများတွင် ဆက်လက်ပုံဖော်လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်းလဲ သိရသည်။

 

ဆက်စပ်သတင်း

ကျိုင်းတုံလူငယ်များက ကျိုင်းတုံလူငယ်များက Reject Military Coup စာသား ပုံဖော်ကာ စစ်အာဏာရှင်ဆန့်ကျင် စာသား ပုံဖော်ကာ စစ်အာဏာရှင်ဆန့်ကျင်

ကျိုင်းတုံလူငယ်များရဲ့ Reject Military Coup