မိုင်းဆတ်မြို့အဝင် ဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေး စစ်ဆေးမှုအဖြစ် ပထမဆုံး လုပ်ဆောင်

မိုင်းဆတ်မြို့အဝင် ဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေး စစ်ဆေးမှုအဖြစ် ပထမဆုံး လုပ်ဆောင်
မတ် 6, 2020
By Tachileik News Agency
မိုင်းဆတ်မြို့အဝင် ဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုအဖြစ် ပထမဆုံး လုပ်ဆောင်

ရှမ်းပြည်နယ်(အရှေိ့ပိုင်း) မိုင်းဆတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် တာချီလိတ်ဘက်မှ မိုင်းဆတ်မြို့သို့ ဝင်သည့် မြို့အဝင် ဆိုင်ခေါက်ဂိတ်တွင် ခရီးသည်များအား ပထမဆုံးအကြိမ် စစ်ဆေးခြင်းအဖြစ် ၂၀၂၀ခုနှစ် မတ်လ(၆)ရက်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်ကြောင်း သိရသည်။

တာချီလိတ်မြို့ဘက်မှ မိုင်းဆတ်မြို့သို့ ဝင်ရောက်လာသည့် ခရီးသည်ယာဉ် နှင့် အခြားယာဉ်များ၊ ဆိုင်ကယ်များနှင့်ပါလာသော ခရီးသည်များတွင် တရုတ်နိုင်ငံမှ ပြန်လာသည့် ခရီးသည် ပါရှိခြင်း ရှိ/မရှိ နှင့် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးမှုများကို ဆောင်ရွက်ကြောင်း သိရသည်။

မြို့ဝင်ဂိတ်မှ ဝင်ရောက်လာသူများအား အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးရင်း ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးကာ ရောဂါကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် ရောဂါကင်းဝေးစေရန် လက်ဆေးခြင်း နည်းလမ်း ကောင်းများကို အသိပညာပေးဟောပြောကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက်   ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းကော်မတီအဖွဲ့အား ဖွဲ့စည်းထားရှိပြီး မြို့အဝင်ဂိတ်တွင် မိုင်းဆတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦး အပါအဝင် ကျန်းမာရေး၊ လဝက၊ မွေး/ကု၊ စည်ပင်၊ မီးသတ် နှင့်  နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)သည် နိုင်ငံပေါင်း (၈၅)နိုင်ငံသို့ ပျံ့နှံ့နေရာ ကူးစက်ခံရသူ စုစုပေါင်းမှာ ( ၉၈,၇၀၄ )ဉီးအထိ ရှိနေပြီး သေဆုံးသူ အရေအတွက်မှာလည်း (၃,၃၈၃)ဦး ရှိကြောင်း သိရသည်။

ကူးစက်ခံရသူ (၈၀,၀၀၀)ကျော်သည် တရုတ်နိုင်ငံမှ ဖြစ်ပြီး ဒုတိယကူးစက်မှု အများဆုံးအဖြစ် တောင်ကိုရီယားနိုင်ငံတွင် (၆၅,၉၃)ဦး ရှိနေသည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~