အာဏာသိမ်းစစ်ကောင်စီ၏ UEC နှင့်သွားတွေ့သည့် UNDP ပါတီ၀င်ကို ပါတီမှ ထုတ်ပယ်ပြီး ပါတီအနေဖြင့် တွေ့ဆုံပွဲမတက်ဟု ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ၏ UEC နှင့်သွားတွေ့သည့် UNDP ပါတီ၀င်ကို ပါတီမှ ထုတ်ပယ်ပြီး ပါတီအနေဖြင့် တွေ့ဆုံပွဲမတက်ဟု ထုတ်ပြန်
ဖေဖော်ဝါရီ 26, 2021 | နိုင်ငံရေး

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ပါတီသဘောထားမပါဘဲ တက်ရောက်ခဲ့သည့် ပါတီ၀င်အား ပါတီမှထုတ်ပယ်ကြောင်းနှင့် တွေ့ဆုံပွဲတက်ရောက်မှုမှာ ပါတီကို ကိုယ်စားမပြုကြောင်း UNDP ပါတီက ထုတ်ပြန်ထားသည်။



အာဏာသိမ်းစစ်ကောင်စီဖွဲ့သည့် UEC နှင့် နေပြည်တော်တွင် ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ (၂၆) ရက်နေ့က တွေ့ဆုံပွဲကျင်းပရာ (၉၁)ပါတီ ဖိတ်ကြားသည့်အနက် (၅၃)ပါတီတက်ရောက်ခဲ့ရာတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၏ စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာမြို့နယ်မှ ပါတီ၀င် ဦးသိန်းအောင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။



ပါတီအနေဖြင့် အဆိုပါ တွေ့ဆုံပွဲအား မတက်ရန်ဆုံးဖြတ်ချက်ချထားခြင်းဖြစ်ပြီး ဦးသိန်းအောင် တက်ရောက်ခြင်းမှာ ပါတီအား ကိုယ်စားမပြုကြောင်းနှင့် ၄င်းအား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ဖေဖေါ်၀ါရီလ (၂၆) ရက်နေ့တွင် စာထုတ်လာခြင်းဖြစ်သည်။



ယနေ့တက်ရောက်သည့် (၅၃)ပါတီသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်ရှိသည့်ပါတီ (၇)ပါတီသာ ပါ၀င်ခြင်းဖြစ်သည်။