မိုင်းဖြတ်မြို့မှ ဆရာ၊ဆရာမ များနှင့် ကျောင်းသားကျောင်းသူဟောင်းများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်မှုများ လုပ်ဆောင်

မိုင်းဖြတ်မြို့မှ ဆရာ၊ဆရာမ များနှင့် ကျောင်းသားကျောင်းသူဟောင်းများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်မှုများ လုပ်ဆောင်
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

 စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသူကျောင်းသားဟောင်းများက  ဖဲကြိုးနီကမ်ပိန်းဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့ နံနက် (၁၀) နာရီတွင် ဆန္ဒထုတ်ဖေါ်ကြသည်။



ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများအဖွဲ့က မိုင်းဖြတ်အထက်တန်းကျောင်းရှေ့တွင် ဖဲကြိုးနီများတပ်၍ ကမ္ဘာမကြေဘူးသီချင်း သီဆိုပြီး ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်သည်။



မိုင်းဖြတ်မြို့တွင် စစ်တပ်အာဏာသိမ်းမှုကို လက်မခံကြောင်းပြသသည့်အနေဖြင့် ညစဉ် နေအိမ်များမှ သံပုံးတီး၍ နှင်ထုတ်ခြင်းများကိုလည်း ဖေဖေါ်ဝါရီလ (၄) ရက်နေ့ကတည်းက စတင်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာကိုသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်မှုများလုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency