အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ "ဝ" အမျိုးသားပါတီ မတက်

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ "ဝ" အမျိုးသားပါတီ မတက်
ဖေဖော်ဝါရီ 25, 2021 | နိုင်ငံရေး

"ဝ" အမျိုးသားပါတီ (WNP) က အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။



အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ဖေဖေါ်ဝါရီလ (၂၆ )ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများသို့ ဖိတ်ကြားထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားပါတီအများစုကလည်း တက်ရောက်ဖို့ အစီအစဉ်မရှိကြောင်းကိုလည်း ထုတ်ပြန်ထားသည်။



Tachileik News Agency