MNDAA ၏ အမျိုးသားတော်လှန်ရေးပန်းတိုင်မှာ ပင်လုံစိတ်ဓါတ်နှင့်အညီ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရန်ဖြစ်

MNDAA ၏ အမျိုးသားတော်လှန်ရေးပန်းတိုင်မှာ ပင်လုံစိတ်ဓါတ်နှင့်အညီ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရန်ဖြစ်
ဖေဖော်ဝါရီ 23, 2022 | နိုင်ငံရေး| ရှမ်းမြောက်

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၏ အမျိုးသားတော်လှန်ရေးပန်းတိုင်မှာ ပင်လုံစိတ်ဓာတ်နှင့်အညီ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရန်ဖြစ်ကြောင်း MNDAA အထွေထွေအတွင်းရေးမှူးချုပ်၊ စစ်ဦးစီးချုပ် ဖုန်တာရွှင်က ပြောသည်။

ထိုကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အနာဂါတ်အေးချမ်းသာယာဖွံဖြိုးတိုးတက်ရေးအတွက်သော်လည်းကောင်း၊ မြန်မာနိုင်ငံ ပြည်သူလူထုတရပ်လုံး၏ ငြိမ်းချမ်းသာယာရေးအတွက်သော် လည်းကောင်း ဆက်လက်ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ် ကြောင်း စစ်ဦးစီးချုပ် ဖုန်တာရွှင်က ပြောသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပေးပို့သည့် MNDAA ၏ ကွယ်လွန်သွားသည့် ဥက္ကဌဟောင်း ဦးဖုန်ကြားရှင်အတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာကို MNDAA က ကျေးဇူးတင်ကြောင်း ပြန်လည်ပေးပို့ရာတွင် စစ်ဦးစီးချုပ် ဖုန်တာရွှင်က ထည့်သွင်း‌ပြောကြားထားခြင်းဖြစ်သည်။

လက်ရှိတွင် MNDAA ၏ ထိန်းချုပ်ရာဒေသများကို အကြမ်း ဖက်စစ်ကောင်စီတပ်များက ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်နေခြင်းဖြစ်သည်။

MNDAA သည် ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့နှင့် မြောက်ပိုင်းမဟာ မိတ်ဖွဲ့စည်းထားသည်။