ချင်းရိုးရာဓလေ့ထုံးတမ်းဖြင့် တရားစီရင်ရေးလုပ်ဆောင်မည်ဖြစ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမိန့်ကြေညာစာထုတ်

ချင်းရိုးရာဓလေ့ထုံးတမ်းဖြင့် တရားစီရင်ရေးလုပ်ဆောင်မည်ဖြစ်ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမိန့်ကြေညာစာထုတ်
ဖေဖော်ဝါရီ 25, 2021 | နိုင်ငံရေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ(၃)ရပ် ပျက်ပြယ်ပြီးဖြစ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူနှင့်ဝန်ထမ်းများအား ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း နှင့် အသက်သေဆုံးစေခြင်းအထိ ဖြစ်ပေါ်လာပါက သက်ဆိုင်သည့် ဌာန၊တပ်ဖွဲ့/ပုဂ္ဂိုလ်များကို ချင်း အက်/ချင်းရိုးရာဓလေ့ထုံးတမ်းများဖြင့် တရားစီရင်ဆုံးဖြတ်မည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။



ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယခုဖြစ်ပေါ်နေသည့် ကြားကာလအတွင်း ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်များကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ထုတ်ပြန်လိုက်ပြီးနောက် ချင်းပြည်နယ် မင်းတပ်မြို့ကလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး တရားစီရင်ရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် အမိန့်ကြေညာစာ ထုတ်ပြန်လာခြင်း ဖြစ်သည်။

 

Tachileik News Agency