မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တက်မည့် အစည်းအဝေးသို့ ထိုင်း၊ လာအိုဝန်ကြီးချုပ်များနှင့် ဖိလစ်ပိုင်သမ္မတတို့ မတက်

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တက်မည့် အစည်းအဝေးသို့ ထိုင်း၊ လာအိုဝန်ကြီးချုပ်များနှင့် ဖိလစ်ပိုင်သမ္မတတို့ မတက်

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် တက်ရောက်မည့် မြန်မာ့အရေးအာဆီယံထိပ်သီး‌အစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့အပြင် လာအိုဝန်ကြီးချုပ်လည်း တက်ရောက်မည် မဟုတ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုကြောင်း Nikkei Asia သတင်းဌာနက သတင်းဖေါ်ပြသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဧပြီလ (၂၄) ရက်နေ့၌ ကျင်းပမည့် အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသည့်ကိစ္စကို ဆွေးနွေးကြမည်ဖြစ်ပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်လာကြမည့် အာဆီယံထိပ်သီးခေါင်းဆောင်များကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဧပြီလ (၂၃)ရက်နေ့ ညနေပိုင်း၌ အလုပ်သဘောညစာစားပွဲဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အရေးအာဆီယံထိပ်သီးအစည်းအဝေးကျင်းပရန် တောင်းဆိုခဲ့သည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဧပြီလ (၂၃) ရက်နေ့ နေ့လည်ပိုင်းက ဗီယက်နမ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအတွင်း မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် သေဆုံးရမှုများအပေါ် စိုးရိမ်မှုကို ဖေါ်ပြခဲ့ကြရာ မြန်မာပြည်သူများအတွက် အစည်းအဝေးမှ ရလဒ်ကောင်းရမည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။

TachileikNewsAgency

source: Nikkei Asia