ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH ၏ နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စုတွင် စတင်ဖွင့်လှစ်

ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH ၏ နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စုတွင် စတင်ဖွင့်လှစ်
ဖေဖော်ဝါရီ 22, 2021 | နိုင်ငံရေး
By Tachileik News Agency

ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ စတင်ဖွင့်လှစ်လိုက်ပြီး CRPH ၏ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်အား ခန့်အပ်တာဝန်ပေးကြောင်း CRPH က ထုတ်ပြန်ထားသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ်များက CRPH ကို အွန်လိုင်းမှ ကျမ်းသစ္စာကျိန်ဆိုပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။