မြန်မာစစ်တပ် နိုင်ငံတော်အာဏာသိမ်းမှုအား တရုတ်နိုင်ငံက ထောက်ခံသည်ဆိုခြင်းကို ငြင်းဆို

မြန်မာစစ်တပ် နိုင်ငံတော်အာဏာသိမ်းမှုအား တရုတ်နိုင်ငံက ထောက်ခံသည်ဆိုခြင်းကို ငြင်းဆို
By Tachileik News Agency

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံခြင်း သို့မဟုတ် သဘောတူညီ၍ ဆိတ်ဆိတ်နေသည်ဟု ပြောကြားချက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့၌ ငြင်းဆိုလိုက်သည်။

ယူဆပြောဆိုချက်တွေက မမှန်ပါဘူး။ မြန်မာက အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်လို့ သူတို့ကြား သဘောထားကွဲတာတွေကို သင့်လျော်စွာ ဖြေရှင်းနိုင်ဖို့နဲ့ နိုင်ငံရေးအရရော လူမှုအသိုက်အဝန်းရော တည်ငြိမ်စေချင်တဲ့ ဆန္ဒရှိပါတယ်

ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ WANG WENBIN က သတင်းထုတ်ပြန်စဉ် မေးမြန်းခြင်းအား ဖြေကြားသွားသည်။



တရုတ်နိုင်ငံမှ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂ ) ရက်နေ့က မြန်မာနိုင်ငံတွင် ရောက်ရှိနေစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုအတွင်း  ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများရှိသည်ဟု မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency

Source: Reuters