မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် မိန်းကလေး လေးခွဖြင့် ပစ်ခတ်ခံရ

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် မိန်းကလေး လေးခွဖြင့် ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး  ဆိုင်ကယ်နှင့်လှည့်လည်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဉ် စစ်သားတစ်ဦးမှ လေးခွဖြင့် ပစ်ခတ်မှုကြောင့် မိန်းကလေးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ဆိုင်ကယ်နှင့်လှည့်လည်ဆန္ဒထုတ်ဖော်နေသည့် အဖွဲ့ထဲသို့ အကြမ်းဖက်ဖြိုခွင်းရေးအဖွဲ့ထဲက စစ်သားတစ်ဦးမှ လေးဂွဖြင့် လှမ်းပစ်ခတ်ရာမှ မိန်းကလေးငယ်တစ်ဦး၏  ဦးခေါင်းတွင်  ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ 

"အခုက မျက်လုံးမထိလို့ တော်သေးတယ်။ နောက်ဆိုရင်  ဆန္ဒပြတဲ့အဖွဲ့လည်း ဆိုင်ကယ်စီး ဦးထုပ်တွေဆောင်းပြီး သွားကြမှ ဖြစ်မယ်။"ဟု မြစ်ကြီးနားမြို့နေ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများကို ဖေဖော်ဝါရီလ၏ ဒုတိယအပတ်ကတည်းက စတင်ကာ စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့က လေးခွများဖြင့် လိုက်လံပစ်ခတ် ကာ အကြမ်းဖက်ဖြိုခွင့်မှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။



Tachileik News Agency

ဓါတ်ပုံ - G_Z