ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း  သီပေါမြို့နယ်အတွင်း ကျေးရွာပေါင်း(၆)ရွာအနီးတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်နေရ

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း  သီပေါမြို့နယ်အတွင်း ကျေးရွာပေါင်း(၆)ရွာအနီးတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း နမ့်လန်မြို့တွင်း ကျေးရွာပေါင်း (၆)ရွာအနီးတို့တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား၍ ဒေသခံပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နမ့်လန်မြို့တွင်  ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းကစ၍ ဝမ်စိမ်းကျေးရွာအုပ်စု ခိုင်းဆင်၊ မန်ကောင်း၊ ကုန်းဆာ၊ ကောင်းဟတ်၊ ခိုင်းအန် နှင့်  ကုန်းကော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ကြောင်း သိရသည်။ 

တိုက်ပွဲများမှာ နံနက်ပိုင်းကစ၍ နေ့လည်ပိုင်းအထိ ဖြစ်ပွားသည့်အတွက် ဒေသခံ ရွာသူရွာသူများမှာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ရာနှင်ချီ ရှိကြောင်း သိရသည်။

အခြား တိုင်းနှင့်ပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် ခုခံတိုက်ခိုက်ကာ တိုက်ပွဲများဖြစ်ပွားနေသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း၌  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းသာ ဩဂုတ်လအတွင်း နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများ၏ နေအိမ်များ မီးရှို့ခံရခြင်းအပြင် နေအိမ်များစွန့်ပစ်၍ စစ်ဘေးရှောင်နေရသည်မှာ များပြားနေကြောင်း သိရသည်။