ရခိုင်ပြည်နယ် ဂွမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူတစ်ဦး ထပ်မံဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ဂွမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူတစ်ဦး ထပ်မံဖမ်းဆီးခံရ

နိုင်ငံတော်အာဏာသိမ်းခံရသည့် (၂၂) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အထွေထွေသပိတ်ဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြရာ ရခိုင်ပြည်နယ် ဂွမြို့မှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်သူများထဲက  (၁)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသူများထံက  အမျိုးသား (၁)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် ဆန္ဒထုတ်ဖေါ်သည့်လူစုကွဲသွားခဲ့ကာ ယခင်နေ့များကလည်း ဆန္ဒထုတ်ဖေါ်ရာတွင် ပါဝင်သည့် အမျိုးသား (၂)ဦးကို ရဲတပ်ဖွဲ့က လမ်းတွင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂွမြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူများက ငြိမ်းချမ်းသည့်နည်းသည့် ဆန္ဒထုတ်ဖေါ်နေကြခြင်းကို ရဲတပ်ဖွဲ့က တားဆီးမှုများ ပြုလုပ်နေသည့်အပြင် ဖမ်းဆီးမှုများလည်း ရှိနေရာ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့အထိ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်၍ အဖမ်းခံရသူ (၃)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် သိမ်းယူလိုက်ပြီးနောက် စစ်အာဏာရှင်စနစ်ကို လက်မခံ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများကို ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပစ်ခတ်နှိမ်နှင်းခြင်းများကြောင့် သေဆုံးရသူများလည်း ရှိနေသည့်အပြင် အများအပြား ဖမ်းဆီးခံနေရခြင်းဖြစ်သည်။

Tachileik News Agency