ရန်ကုန်-မော်လမြိုင် အမြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရ

ရန်ကုန်-မော်လမြိုင် အမြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင် အမြန်လမ်း အင်္ဂဘိုကျေးရွာအနီး ဒေါင်းတောင်ကုန်းဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့ နေ့လယ်ပိုင်းတွင် KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်း တောကျီးကန်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး ကားတစ်စီး ပျက်စီးကာ သေဆုံးစစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရသူများအား ကားဖြင့် ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း အထိနာသည့်စစ်ကောင်စီတပ်သည် ရွာအတွင်းသို့ လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး ရွာအတွင်း ပျက်စီးမှုများရှိခဲ့သည့်အပြင် ဆီဘောင်ဆာ ယဉ်တစ်စီးလည်း ကျည်ထိမှန်ကာ ဆီယိုစိမ့်မှုဖြစ်ကာ ဆီများရွာအတွင်းသို့ စီးဝင်မှုဖြစ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency