မုံရွာမြို့နယ် သာစည်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF တပ်များ ပူးပေါင်းတိုက်ခိုက်

မုံရွာမြို့နယ် သာစည်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF တပ်များ ပူးပေါင်းတိုက်ခိုက်
အောက်တိုဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ သာစည်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦး သေဆုံးပြီး အရာရှိအပါအဝင် (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း Northwest Plain Revolutionary Forces NPRF က ယနေ့ အောက်တိုဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်(၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို Northwest Plain Revolutionary Forces NPRFနှင့် သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့(TLWDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency