မြိုင်မြို့နယ်တွင် ပျူစောထီးများ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

မြိုင်မြို့နယ်တွင် ပျူစောထီးများ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် ပျူစောထီးများက ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂၆)ရက်နေ့ မနက် (၂)နာရီဝန်းကျင်က တွင်းမရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် ပျူစောထီးများက အရှေ့ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အိုရင်းကျေးရွာရှိ ‌နေအိမ်အတွင်း အိပ်နေသည့် အသက် (၃၀)ဝန်းကျင်ရှိ မမိလှနှင့် အသက်(၁၃)နှစ် အရွယ် မဆုဝင့်ထည်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နွေဦးတော်လှန်ရေးမြိုင်မြို့ထံမှ သိရသည်။

#TachileikNewsAgency

Photo :နွေဦးတော်လှန်ရေး-မြိုင်မြို့