ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း၊ ကလိန်အောင်မှ ရေဖြူသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား(၁၀၀)ကျော်ပါသည့် ဖောကား(၄)စီး၊ ဟွန်ဒါဖစ်(၁)စီးကို မိုင် (၃၀)တံတားထိပ်အနီး၌ ၂၀၂၃ခုနှစ်၊ မေလ(၃၁)ရက်နေ့၊ ည နေပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ (၁၅)မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဒေသကာကွယ်ရေးတပ်များပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်၏ ယာဥ်တန်းပါ ကားတစ်စီး ယာဥ်မောင်းနှင့် ရေတိုက်ကီကို ထိမှန်သဖြင့် ထိုးရပ်ခဲ့ကာ ဒဏ်ရာရသူ၊ သေဆုံးသူများရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် သေဆုံးဒဏ်ရာရသူများအား ဟိုက်ဂျက်ကား (၃)စီး၊ အရေးပေါ်ကား(၂)စီးဖြင့် တင်ဆောင်သွားကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ ယနေ့‌ ဇွန်လ(၁)ရက်နေ့ ထုတ်ပြန် ချက်အရ သိရသော်လည်း သေဆုံးမှုကို အတည်မပြုနိုင်ပေ။

တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)နှင့် ရေဖြူအလယ်ပိုင်း ပကဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ 

ယာဥ်တန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။