လူ့အခွင့်အရေး အလေးထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်ရေး ကူညီနေမှုများကို ဥရောပသမဂ္ဂက ခေတ္တရပ်ဆိုင်း

လူ့အခွင့်အရေး အလေးထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်ရေး ကူညီနေမှုများကို ဥရောပသမဂ္ဂက ခေတ္တရပ်ဆိုင်း
ဖေဖော်ဝါရီ 16, 2021 | နိုင်ငံရေး

မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တိုက်ရိုက်တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးအား  လေးစားအလေးထားလိုက်နာကာ နိုင်ငံတကာစံနှုန်းများနှင့်အညီ  ကောင်းမွန်စွာ လေ့ကျင့်ထားသည့် ရဲတပ်ဖွဲ့ဖြစ်စေရေးအတွက် ဥရောပသမဂ္ဂက စီမံကိန်းတစ်ခုအနေဖြင့် ကူညီပေးနေလျက်ရှိရာမှာ   လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေအရ ခေတ္တဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေသည့် လက်နက်မဲ့ပြည်သူများအား ထိန်းသိမ်းရေးကို ရဲတပ်ဖွဲ့အကူအညီဖြင့် လုပ်ဆောင်လာရာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ကူညီပေးနေသည့် စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

Tachileik News Agency