ကိုးကန့်တပ်မတော် (MNDAA) က တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်

ကိုးကန့်တပ်မတော် (MNDAA) က တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ ပန်ဆိုင်းနှင့် နမ့်ဟူးကြားတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲအတွင်း ကိုးကန့်တပ်မတော် (MNDAA) က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဩဂုတ်လ (၃၁) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသည့် အာဏာသိမ်းစစ်တပ်ဘက်မှ တပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများတွင် ဗိုလ်ကြီးအဆင့်ရှိသူများလည်း ပါဝင်သည်ကို တွေ့ရသည်။ 

မုံးကိုးဒေသသို့ တက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို MNDAA က ပန်ဆိုင်းနှင့် နမ့်ဟူးကြားတွင် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုးမြို့နယ် မန်ခွမ်နှင့် မန်ပိန်းကြားတွင်   ဩဂုတ်လ (၂၈) ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဖြစ်ပွားသည့် တိုက်ပွဲနှစ်ခုအတွင်း MNDAA က အာဏာသိမ်းစစ်တပ်ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်ကို တွေ့ခဲ့ရသည်။

#TachileikNewsAgency

Photo: The Kokang

 

ဆက်စပ်သတင်း