မကွေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းကို လူဦးရေ (၁၀)သိန်းခွဲကျော် လာရောက်ကြည့်ရှု

မကွေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းကို လူဦးရေ (၁၀)သိန်းခွဲကျော် လာရောက်ကြည့်ရှု
သြဂုတ် 11, 2020
By 🌸
မကွေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းကို လူဦးရေ (၁၀)သိန်းခွဲကျော် လာရောက်ကြည့်ရှု
မကွေးတိုင်းဒေသကြီးတွင် မဲဆန္ဒရှင်စာရင်းကြည့်ရှုသူဦးရေမှာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့အထိ (၁၀) သိန်းခွဲကျော်ရှိနေပြီး ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ကန့်ကွက်ရန် လျှောက်ထားသူ စုစုပေါင်း (၂၀၀၀၀) ကျော်ရှိကြောင်း မကွေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

“သြဂုတ်လ (၉) ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းမှားယွင်းမှုအပေါ် ပုံစံ ၄(ဂ) နဲ့ ပြင်ဆင်ဖို့လျှောက်ထားသူ (၃၂၃၃)ဦးရှိပြီး အကြောင်းကြောင်းကြောင့် စာရင်းမှာ မပါလို့ ဖြည့်သွင်းဖို့ ပုံစံ(၃)နဲ့လျှောက်ထားသူက (၁၂၄၃၂)ဦး၊ မပါသင့်ဘဲ ပါရှိနေလို့ ပယ်ဖျက်ပေးဖို့ ပုံစံ(၄)နဲ့ကန့်ကွက်သူ(၅၈၄၈)ဦး ရှိပါတယ်။ (၇) ရက်ထပ်တိုးထားလို့ ထပ်တိုး လာနိုင်ပါသေးတယ်။ ဒါတွေကို သက်ဆိုင်ရာကော်မရှင်ရုံးများက လိုအပ်သလို ပြင်ဆင်ပြီး ဒုတိယအကြိမ်ကပ်တဲ့အခါ ပြင်ဆင်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်ဦးရေက (၃၂) သိန်းခွဲကျော်ရှိပြီး လာရောက်ကြည့်ရှုသူက (၁၀)သိန်းခွဲကျော်ရှိတာကြောင့် ကြည့်ရှုတဲ့ရာခိုင်နှုန်း ၃၂ ဒဿမ ၂၆ ရာခိုင်နှုန်း ရှိပါတယ်” 

ဟု မကွေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၁၀) ရက်နေ့တွင် ပြောကြားသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံရေးပါတီ(၁၄)ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၈၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့လွှတ်တော်အတွက် (၁၃၅)ဦး၊ အမျိုးသားလွှတ်တော်အတွက် (၆၁)ဦး၊ တိုင်းဒေသကြီးလွှတ်တော်အတွက်(၂၇၃)ဦး၊ ချင်း တိုင်းရင်းသားအတွက်(၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် (၄၈၀)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ ၂၀၁၅ ခုနှစ်ကထက် (၆၉)ဦး ပိုမိုလာကြောင်း မကွေးတိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းအရ သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~