ထိုင်းနိုင်ငံတွင်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ

ထိုင်းနိုင်ငံတွင်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ
မတ် 22, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၂၄)ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးထား၍ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးကာ လက်ခံထားသည်။

မြန်မာနိုင်ငံသား အမျိုးသား (၁၄) ဦးနှင့် အမျိုးသမီး (၁၀) ဦးတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင် သွားရောက်ခြင်း၊ ခွင့်ပြုနယ်မြေထက် ကျော်လွန်ခြင်းနှင့် ရက်ကျော်နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းကာ တရားရုံးတွင် ဒဏ်ငွေဆောင်စေပြီးနောက် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်လွှဲပြောင်းလာသူများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၇)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၂)ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁၅)ဦးပါဝင်ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသူများအား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပြီး တာချီလိတ်ဘက်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအပါအဝင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်တားအဖွဲ့ နှင့် CNCMC တို့ ပါဝင်သည့် တရားမဝင် ရွှေ့ပြောင်းလုပ်သားပြန်လည်လက်ခံရေးပူးပေါင်းအဖွဲ့က စိစစ်လက်ခံကြသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~