တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ ထိုင်း (၃)ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ ထိုင်း (၃)ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းမိ
မတ် 8, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ ထိုင်း (၃)ဦးအား မူးယစ်ဆေးနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား (၁)ဦးနှင့်  ထိုင်းနိုင်ငံသူ (၁) ဦးတို့ နေထိုင်သည့်အိမ်ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၇) ရက်နေ့က ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၇)ပြားနှင့် ကတ်တမင်း (၄၅၀) ဂရမ်တို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုင်းနိုင်ငံသားများဖြစ်ကြသည့် အေကလပ်ကျလင်ဖွန်းနှင့် အာနုစရာကန်လဝမ်ကောင့် (ခ) စွမ့်တို့ ငှားရမ်း နေထိုင်သည့် ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ထွန်းလင်းအောင်လမ်းရှိ နေအိမ်ကို မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းတို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးသုံးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မူးယစ်ဆေးဝါးရောင်းချပေးသည့် ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းမှ ထိုင်းနိုင်ငံသား စူဝိကျိုင်းစက် (ခ) ဘီ အား ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် အေကလပ်ကျလင်ဖွန်း၊ အာနုစရာကန်လဝမ်ကောင့် (ခ) စွမ့်နှင့် မူးယစ်ဆေးရောင်းချပေးသည့် ထိုင်းနိုင်ငံသား စူဝိကျိုင်းစက် (ခ) ဘီကိုတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၃၉/၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~