အာဏာသိမ်း စစ်ကောင်စီက လူဦးရေ ၇၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်

အာဏာသိမ်း စစ်ကောင်စီက လူဦးရေ ၇၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လူဦးရေ (၇၀၁၂)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကြေညာထားသည်။

ပြစ်မှုအသီးသီးဖြင့် ပြစ်ဒဏ်ကျခံနေရသူများနှင့်အတူ စစ်ကောင်စီက နိုင်ငံရေးအရ ဖမ်းဆီးထားသူအချို့လည်း လွတ်ငြိမ်းခွင့်တွင် ပါဝင်လာကြမည်ဖြစ်သည်။

ယနေ့လွတ်မြောက်လာသူများတွင် မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင် (၅)ခုနှင့် အလုပ်စန်း (၇)ခုမှ (၁၃၈၅)ဦးနှင့် ရန်ကုန် အင်းစိန်ထောင်မှ (၂၀၀၀) ဝန်းကျင်လွတ်မြောက်မည်ဟု သိရသည်။

ပြစ်ဒဏ်ကျခံနေရသူများအား ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်  ပေးထားသော်လည်း ခံစားခွင့်မရှိသည့် ပြစ်မှုပုဒ်များဖြင့် ပြန်လည်ကန့်သတ်ထားသည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့အထိ နိုင်ငံရေးအရ ဖမ်းဆီးထားသူ စုစုပေါင်း (၁၃၃၇၅) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၉၄၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားကြောင်း AAPP ၏စာရင်းတွင် ဖေါ်ပြထားသည်။