မြဝတီ - ကော့ကရိတ်လမ်းပိုင်းတဝိုက်တွင် အာဏာသိမ်းတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုရန်ကို သတိထားကြရန် KNU က ပြည်သူများကို အသိပေးနှိုးဆော်

မြဝတီ - ကော့ကရိတ်လမ်းပိုင်းတဝိုက်တွင် အာဏာသိမ်းတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုရန်ကို သတိထားကြရန် KNU က ပြည်သူများကို အသိပေးနှိုးဆော်
By Tachileik News Agency

အရပ်သားနေရာများပါမရှောင် တိုက်ခိုက်တတ်သည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုအန္တရာယ်များကို ကရင်ပြည်နယ် မြဝတီနှင့် ကော့ကရိတ်လမ်းပိုင်းမှ ခရီးသွားနှင့် အနီးဝန်းကျင်နေထိုင်သူများ သတိထားကြရန် KNU က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ပြည်သူများအား အသိပေးနှိုးဆော်ထားသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များက မြဝတီ - ကော့ကရိတ်လမ်းပိုင်းနေရာတစ်လျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပါ အချိန်မရွေးပြုလုပ်လာနိုင်၍ အများပြည်သူအနေဖြင့် အထူးသတိဝီရိယဖြင့် သွားလာနေထိုင်ကြရန်ဟု အသိပေးနှိုးဆော်ထားသည်ကို တွေ့ရသည်။

ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို အာဏာသိမ်းစစ်တပ်က နယ်ကျော်ဝင်ရောက်တိုက်ခိုက်မှုကြောင့်  တိုက်ပွဲများဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်က အရပ်သားနေအိမ်များရှိရာကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုအပြင် လေကြောင်းမှ ဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်နေခြင်းဖြစ်သည်။