ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်းရှိ စစ်ကောင်စီအဖွဲ့၏ ထူလွီးဗီလာဂိတ်စခန်းကို PDF က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် ဆုပ်ခွာထွက်ပြေး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်းရှိ စစ်ကောင်စီအဖွဲ့၏ ထူလွီးဗီလာဂိတ်စခန်းကို PDF က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် ဆုပ်ခွာထွက်ပြေး

ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့ အဝင် ထူလွီးဗီလာ ကျေးရွာရှိ စစ်ကောင်စီဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ မေလ (၂၁)ရက်နေ့ ညနေ (၅)နာရီ (၅၀)မိနစ်အချိန်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များ ဆုပ်ခွာထွက်ပြေသွားကြောင်း သိရသည်။ 

ကျွန်တော်တို့ PDF အဖွဲ့က ထူလွီးဗီလာ ဂိတ်စခန်းကို ဝင်တိုက်တယ်။ သူတို့ဖက်က စခန်းစွန့်ခွာပြီးထွက်ပြေးသွားကြတယ်။ ကျွန်တော်တို့ အခု စခန်းကိုသိမ်းပြီး မီးရှို့လိုက်ပါတယ်။ အထိအခိုက်တော့ မရှိဘူး

ဟု PDF အဖွဲ့မှ တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂၁)ရက်နေ့ ညနပိုင်းတွင် ပြောသည်။ 

မေလ (၂၁)ရက်နေ့ ညနေ (၅)နာရီ (၅၀)မိနစ် အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ စစ်ကောင်စီမှ စခန်းချ ထားသော ထူလွီးဗီလာ ဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ​ပစ်ခက်မှုတွေ ဖြစ်ခဲ့သော်လည်း အထိခိုက်မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့များ ဆုပ်ခွာထွက်ပြေးသွားကြောင်းသိရသည်။

#TachileikNewsAgency

Photo: CJ