လွိုင်လင်လေးမြို့ ဒေါတဟေးကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KA ၊ KNDF ပူးပေါင်းတပ်တို့ တစ်နာရီကြာ တိုက်ပွဲဖြစ်

လွိုင်လင်လေးမြို့ ဒေါတဟေးကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KA ၊ KNDF ပူးပေါင်းတပ်တို့ တစ်နာရီကြာ တိုက်ပွဲဖြစ်
သြဂုတ် 31, 2021 | နိုင်ငံရေး| ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်အရှေ့ဘက်၊ လွိုင်လင်လေးမြို့၊ ဒေါတဟေးကျေးရွာအနီးတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်နှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကိုကာကွယ်ရေးတပ်ဖွဲ့(KNDF)ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

တစ်နာရီကြာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က သာလွန်အင်အားဖြင့် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

ဩဂုတ်လ (၃၀) ရက်နေ့ကလည်း လွိုင်ကော်မြို့နှင့် လွိုင်လင်လင်းမြို့ အခြေစိုက် အာဏာသိမ်းစစ်တပ်၏ တပ်ရင်းများက တိုက်ပွဲဖြစ်ပွားရာ ဒေါတဟေးကျေးရွာဘက်သို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်လင်းနှင့်၊ တီးလုံကျေးရွာအုပ်စုဘက်သို့ ထိုးစစ်ဆင်နေသည်ဟု KNDF ကသတင်းထုတ်ပြန်ထားသည်။