ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဆရာ ဆရာမများက စစ်တပ်၏ အာဏာသိမ်းထားမှုအပေါ် လက်မခံကြောင်း ဆန့်ကျင်ကန့်ကွက်ကာ Civil Disobedience Movement စတင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ဆရာ ဆရာမများက စစ်တပ်၏ အာဏာသိမ်းထားမှုအပေါ် လက်မခံကြောင်း ဆန့်ကျင်ကန့်ကွက်ကာ Civil Disobedience Movement စတင်
ဖေဖော်ဝါရီ 6, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း ဆရာ၊ ဆရာမများက စစ်တပ်အာဏာသိမ်းမှုကို လက်မခံသည့် Civil Disobedience Movement တွင် ပါဝင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။



စစ်တပ်က ဖမ်းဆီးထားသည့် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို အမြန်ဆုံးလွှတ်ပေးရန်၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရကို အာဏာပြန်ပေးရန်၊ နိုင်ငံရင်ကြားစေ့ရေးအတွက် ဥပဒေဘောင်အတွင်းမှ တာဝန်ရှိသူများနှင့် ဆွေးနွေးရန်တို့ကို တောင်းဆိုထားခြင်းဖြစ်သည်။



ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဆရာ၊ ဆရာမများအနေဖြင့် တစ်နိုင်ငံလုံးမှ Civil Disobedience Movement ကို တခဲနက်လုပ်ဆောင်နေကြသည့် ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းရပ်တည်မည်ဟု ထုတ်ပြန်ထားသည်။