တာချီလိတ်မြို့အတွင်း အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြား (၂)သိန်းနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့အတွင်း အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြား (၂)သိန်းနှင့်အတူ ဖမ်းမိ
ဧပြီ 14, 2020
By Tachileik News Agency

တာချီလိတ်မြို့အတွင်း အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြား (၂)သိန်းနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြား (၂)သိန်းနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း နှင်းဆီလမ်းပေါ်တွင် ၂၀၂၀ခုနှစ် ဧပြီလ (၁၃)ရက်နေ့ နေ့လည် (၁၂)နာရီကျော်က အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ယာဉ်နောက်ခန်းထိုင်ခုံပေါ်က စိတ်ကြွဆေးပြား စုစုပေါင်း (၂)သိန်းကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၉)နှစ်ရှိ စိုင်းလိန်(ခ)ဟိုနမ် ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး ကွင်းဆက်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~