နိုင်ငံ့အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် တာလေပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ဖဲကြိုးနီ ကမ်ပိန်းလုပ်ဆောင်

နိုင်ငံ့အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် တာလေပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ဖဲကြိုးနီ ကမ်ပိန်းလုပ်ဆောင်
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့ရှိ တာလေပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် တပ်မတော်မှ နိုင်ငံ့အာဏာသိမ်းယူမှုအပေါ် ကန့်ကွက်သည့်အနေဖြင့်  ဖဲကြိုးနီ ကမ်ပိန်း  လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အာဏာသိမ်းခံရသည့် (၅)ရက်မြောက်ဖြစ်သည့် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့ရှိ တာလေပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက  ဖဲကြိုးနီ ကမ်ပိန်းလုပ်ဆောင်ကြခြင်း ဖြစ်သည်။



 နိုင်ငံအတွင်း လုပ်ဆောင်နေကြသည့် Civil Disobedience ကမ်ပိန်း နှင့် ဖဲကြိုးနီ ကမ်ပိန်းများတွင် တာချီလိတ်မြို့နယ်အတွင်းဖြစ်သည့် တာချီလိတ် နှင့် တာလေ ကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီလ(၃)ရက်က စ၍ ပါဝင်လှုပ်ဆောင်လာကြခြင်း ဖြစ်သည်။



Tachileik News Agency