စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပူတာအိုလူငယ်များ က  တတ်နိုင်သည့်နည်းဖြင့် အမှိုက်ကောက်ကာ ဆန္ဒဖေါ်ထုတ်

စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပူတာအိုလူငယ်များ က  တတ်နိုင်သည့်နည်းဖြင့် အမှိုက်ကောက်ကာ ဆန္ဒဖေါ်ထုတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ လူငယ်များက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ ရှိနေသော်လည်း ဆက်လက် လုပ်ဆောင်နေရာ ၂၀၂၁ ခုနှစ် မတ်လ (၄) ရက်နေ့က ဒုတ္တန်ရပ်ကွက်၊ စက်မှု‌ကျောင်းဘေးရှိ ရေကန်ပတ်လည် အမှိုက်သိမ်းရင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသပိတ်လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ဆန္ဒဖေါ်ထုတ်မှုများအပြင် ပြည်သူ့ဝန်ထမ်းများကလည်း CDM တွင် ပါဝင်လုပ်ဆောင်နေကြကြောင်း သိရသည်။

 

ပူတာအိုတွင် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်သူများမှ လူငယ် (၅) ဦးကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့ညက ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပ‌ဒေဖြင့် ပူတာအိုမြို့နယ် (နမ်ဟော့) အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ကြရခြင်းဖြစ်သည်။

အဆိုပါ လူငယ်များမှာ မတ်လ (၄) ရက်နေ့၌ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency