ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို အာဏာသိမ်း စစ်ကောင်စီဖမ်းဆီး

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို အာဏာသိမ်း စစ်ကောင်စီဖမ်းဆီး
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီက ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို ဖမ်းဆီးထားကြောင်း Reuter သတင်း၏ ဩဂုတ်လ (၂၅)ရက်နေ့ ဖေါ်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံရှိ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများစင်တာ (Myanmar Center for Responsible Business -MCRB) ကို တည်ထောင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီဆရာတို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။



အာဏာသိမ်းအဖွဲ့က သံအမတ်ဟောင်းအား စစ်ဆေးရန်ရှိသည်ဟုဆိုကာ ရန်ကုန်ရှိနေအိမ်သို့လာ၍ ခေါ်ဆောင်သဖြင့် ခင်ပွန်းဖြစ်သူက အဖေါ်လိုက်သွားခြင်းဖြစ်သည်ဟု ဘီဘီစီသတင်းဌာနက ဖေါ်ပြထားသည်ကိုလည်း တွေ့ရသည်။