MNDAA နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၈)ဦးသေပြီး MNDAA ဘက်က (၁)ဦး ကျဆုံး

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ တပ်ဖွဲ့ဝင်များ Photo: MNDAA
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ တပ်ဖွဲ့ဝင်များ Photo: MNDAA
MNDAA နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၈)ဦးသေပြီး MNDAA ဘက်က (၁)ဦး ကျဆုံး
ဖေဖော်ဝါရီ 15, 2022 | နိုင်ငံရေး| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကိုးကန့်၊ မူပန်ခရိုင်၊ လုံဂျီအရှေ့ဘက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် MNDAA တပ်မဟာ(၂၁၁)တပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ (၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၈)ဦးသေပြီး MNDAA တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ(၁၃)ရက်၊ ညနေပိုင်းက အထူးဒေသ(၁) မူပန်ခရိုင်တွင် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ ညသန်းခေါင်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ (၁၄)ရက်၊ မနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် MNDAA တပ်မဟာ (၂၁၁)၏ ခံစစ်နေရာများကို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံး ကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်းနေ့မှာပင် စစ်ကောင်စီတပ်သည် MNDAA၏ ထိန်းချုပ်နယ်မြေ မန်ရန်တပ်စခန်းနှင့်  ရှိကျိကျတောင်ကုန်နယ်မြေကို ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။