ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုတွင် ပူးပေါင်းသူများလာ

ကျိုင်းတုံမြို့၌ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ဆန္ဒထုတ်ဖေါ်
ကျိုင်းတုံမြို့၌ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ဆန္ဒထုတ်ဖေါ်
ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုတွင် ပူးပေါင်းသူများလာ
ဖေဖော်ဝါရီ 11, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

စစ်တပ်က အာဏာသိမ်းထားသည့် (၁၁) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ငြိမ်းချမ်းသည့်နည်းဖြင့် ဆက်လက်၍ ဆန္ဒထုတ်ဖေါ်နေကြပြီး ပူးပေါင်းပါဝင်သူ ပိုများလာကြောင်း သိရသည်။

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ကျိုင်းတုံမြို့ရှိ ဌာနအသီးသီးက Civil Disobedience Campaign ပြုလုပ်ခြင်း၊ ဖဲကြိုးနီကမ်ပိန်းပြုလုပ်ခြင်းတို့အပြင် တောင်းဆိုချက်များဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခြင်းကို လူငယ်များက စတင်ဆောင်ရွက်ကြပြီးနောက် လူထုပူးပေါင်းမှု ပို၍များလာနေကြောင်း သိရသည်။

စစ်တပ်က နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် သိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ပြည်သူများက ဆန္ဒထုတ်ဖေါ်မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency