တပ်ချုပ်က အာဏာသိမ်းလိုက်ပြီနောက် တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကို တပ်က ပိတ်ထား

တပ်ချုပ်က အာဏာသိမ်းလိုက်ပြီနောက် တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကို တပ်က ပိတ်ထား
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

တပ်ချုပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံအား အရေးပေါ်အခြေအနေ ကြေညာပြီးနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၂) တံတားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် တပ်က ပိတ်လိုက်သည်။

မြန်မာဘက် တံတား(၂)  စစ်ဆေးရေးနေရာ

စစ်ကား (၂) စီးဝင်သွားပြီး ခဏနေတော့ တံတားပိတ်လိုက်တယ်။ ဒီဘက်ရောက်နေတဲ့ ထိုင်းကားတွေလည်း သွားမရတော့ဘူး။ ဟိုဘက်ရောက်နေတဲ့ ဗမာကားတွေလည်း တံတားပေါ်မှာ ပိတ်မိနေတယ်

ဟု တံတားထိပ်တွင် ရောက်ရှိနေသည့် ယာဉ်မောင်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ကြား ကုန်စည်ကူးသန်းနေသည့် မြန်မာ - ထိုင်းချစ်ကြည်ရေး တံတား (၂) ၏ မြန်မာဘက်အခြမ်းတွင် တံခါးပိတ်ထားလိုက်ပြီး စစ်သားအချို့ စောင့်ကြပ်နေသဖြင့် လမ်းမပေါ်တွင် ကုန်တင်ယာဉ်ငယ်အချို့ ရပ်နားထားရသည်။

Tachileik News Agecny