ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကို တပ်နှင့်ရဲက ဝိုင်းထား

ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကို တပ်နှင့်ရဲက ဝိုင်းထား
ဖေဖော်ဝါရီ 15, 2021 | နိုင်ငံရေး

ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ကို တပ်နှင့်ရဲက ဝိုင်းထား

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးချုပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အင်အား အမြောက်အမြားဖြင့် ဝိုင်းထားပြီး ရုံးခန်းအတွင်း၌ ပါတီတာဝန်ရှိသူများ ရှိနေကြောင်း သိရသည်။



ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟုဆိုကာ စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ တာဝန်ရှိသူများ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များအား ဖမ်းခြင်း၊ ပါတီရုံးချုပ်အား စစ်တပ်က ညပိုင်း၌ ဝင်ရောက်ရှာဖွေခြင်းများကိုလည်း လုပ်ဆောင်နေသည့်အပြင် ပါတီရုံးချုပ်အား စစ်တပ်က ရဲတပ်ဖွဲ့နှင့်အတူ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို လုပ်ဆောင်လာသည်ကို တွေ့ရသည်။

 

Tachileik News Agency