အာဏာသိမ်းစစ်တပ် အပါအဝင် စစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်း ကြော်ငြာအားလုံးကို facebook နှင့် instagram ပေါ်က ဖယ်ရှားမည်

အာဏာသိမ်းစစ်တပ် အပါအဝင် စစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်း ကြော်ငြာအားလုံးကို facebook နှင့် instagram ပေါ်က ဖယ်ရှားမည်

မြန်မာနိုင်ငံတွင် ပြည်သူ့အစိုးရထံမှ အာဏာသိမ်းထားသည့် အာဏာသိမ်းစစ်ကောင်စီဝင်များ အပါအဝင် စစ်တပ်၊ စစ်တပ်နှင့်ဆက်သည့်လုပ်ငန်းအားလုံးကို Facebook နှင့် instagram လူမှုကွန်ယက်စာမျက်နှာများမှ ဖယ်ရှားပစ်မည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် facebook ကုမ္ပဏီက ကြေညာလိုက်သည်။

facebook ကုမ္ပဏီ၏ လူမှုကွန်ယက်စာမျက်နှာများတွင် စစ်တပ်၏ စာမျက်နှာများ၊ လက်ရှိတွင် စစ်တပ်ကထိန်းချုပ်ထားသည့် မီဒီယာစာမျက်နှာများအပြင် စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၏ ကြော်ငြာများကိုပါ ဖယ်ရှားမည်ဟု ကြော်ညာထားခြင်းဖြစ်သည်။

facebook အနေဖြင့် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့်ပတ်သက်၍ ယခင်ကလည်း လူမှုကွန်ယက်စာမျက်နှာမှ ဖယ်ရှားပစ်ခြင်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။



ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် စစ်တပ်နှင့်ဆက်စပ်သည့် စာမျက်နှာများမှ သတင်းပျံ့နှံ့ရောက်ရှိမှုကို facebook က စတင်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။