UWSA/UWSP ၏ ဒုတိယ စစ်ဦးစီးချုပ် ( ငြိမ်း ) ဦးဘိုလိုင်ခမ်း ကွယ်လွန်

Photo: Wa Channel
Photo: Wa Channel
UWSA/UWSP ၏ ဒုတိယ စစ်ဦးစီးချုပ် ( ငြိမ်း ) ဦးဘိုလိုင်ခမ်း ကွယ်လွန်
ဒီဇင်ဘာ 19, 2021 | ရှမ်းရှေ့

“၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ အမြဲတမ်း ဗဟိုကော်မတီ၀င်၊ UWSA ၏ ဒုတိယ စစ်ဦးစီးချုပ် (ငြိမ်း)  ဦးဘိုလိုင်ခမ်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့ညက ကွယ်လွန်သွားပြီဖြစ်ကြောင်း Wa Channel က သတင်းထုတ်ပြန်သည်။ 

 ဦးဘိုလိုင်ခမ်းသည် ကွယ်လွန်ချိန်တွင် အသက် (၈၉) နှစ်ရှိပြီဖြစ်သည်။

 

 UWSA/UWSP ၏ ဒုတိယ စစ်ဦးစီးချုပ်တာဝန်ယူခဲ့သည့်  ဦးဘိုလိုင်ခမ်းသည် ဆောက်လုပ်ရေး ဌာနမှူး၊ သာသနာရေး ဌာနမှူးနှင့် နိုင်ငံရေး အတိုင်ပင်ခံဌာန၏ ဥက္ကဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Covid-19 ရောဂါပြန့်ပွားမှုကြောင့် ဦးဘိုလိုင်ခမ်း၏ စျာပန အခမ်းအနားကို မိသားစု၊မိတ်ဆွေများဖြင့်သာ အကျဉ်းချုံးကျင်းပမည်ဟု ကြေညာထားသည်။