တာချီလိတ်မြို့တွင်း မီးခိုးမြူဖုံးလွှမ်းနေမှု မတ်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီခွဲ မြင်ကွင်း

တာချီလိတ်မြို့တွင်း မီးခိုးမြူဖုံးလွှမ်းနေမှု မတ်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီခွဲ မြင်ကွင်း
မတ် 12, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း မီးခိုးမြူဖုံးလွှမ်းနေမှု မတ်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီခွဲ မြင်ကွင်း

နွေရာသီကာလ တောမီးခိုးများကြောင့် နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် မတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် မီးခိုးများ သိသိသာသာ ဖုံးလွှမ်းလာသည်ကို နံနက်(၁၀)နာရီ ခွဲအချိန်အထိ မြင်တွေ့ရသည်။

လတ်တလော ဖြစ်ပေါ်နေသည့် မီးခိုးများဖုံးလွှမ်းမှုကြောင့် တာချီလိတ်နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ ဝန်းကျင်အတွင်း လေထုအရည်အသွေး တိုင်းတာမှုမှာ နီညိုအဆင့်တွင် ရောက်ရှိနေသော်လည်း တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ (၂၄)နာရီအတွင်း လေထုတိုင်းချက် မတ်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအထိ ရလာဒ်မှာ အဝါရောင်အဆင့်သာ ရှိနေသေးကြောင်း သိရသည်။

လေထုအရည်အသွေး၏ အခြေအနေများကို အစိမ်းရောင်(၀ မှ ၅၀)၊ အဝါရောင်(၅၁ မှ ၁၀၀)၊ လိမ္မော်ရောင် (၁၀၁ မှ ၁၅၀)၊ အနီရောင် (၁၅၁ မှ ၂၀၀)၊ ခရမ်းရောင်(၂၀၁ မှ ၃၀၀) နှင့် နီညိုရောင်(၃၀၃ မှ ၅၀၀) ဟု၍ သတ်မှတ်ထားရှိရာ ထိုင်းနိုင်ငံတွင် နီညိုရောင်အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။
 
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~