ဖိလစ်ပိုင်နိုင်ငံက ပြန်လာသည့် အမျိုးသားနှစ်ဦးတွင် covid-19 ပိုးတွေ့ရှိ

ဖိလစ်ပိုင်နိုင်ငံက ပြန်လာသည့် အမျိုးသားနှစ်ဦးတွင် covid-19 ပိုးတွေ့ရှိ
ဇူလိုင် 22, 2020
By Tachileik News Agency

ဖိလစ်ပိုင်နိုင်ငံက ပြန်လာသည့် အမျိုးသားနှစ်ဦးတွင် covid-19 ပိုးတွေ့ရှိ

ဖိလစ်ပိုင်နိုင်ငံမှ ပြန်လာ၍ ရန်ကုန်၌ အသွားအလာကန့်သတ်ထားသူ (၂)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့အထိ အတည်ပြုလူနာ (၃၄၃) ဦးရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ (၂၆၉)ဦး ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ တွေ့ရသည့် အတည်ပြုလူနာများအနက် (၆) ဦးသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတွင် ဇူလိုင်လ (၂၂)ရက်နေ့အထိ COVID 19 ကူးစက်ခံထားရသူ စုစုပေါင်း ( ၁၄,၉၇၄,၄၄၆)ဦးရှိသည့်အနက် (၆၁၇,၂၅၄)ဦးမှာ သေဆုံးခဲ့ရပြီးဖြစ်သည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗိုင်းရပ်စ်စတင်ပျံံ့ပွားရာ တရုတ်နိုင်ငံတွင် ဇူလိုင်လ (၂၂)ရက်နေ့အထိ ရောဂါကူးစက်ခံထားရသူ (၈၅,၃၁၄)ဦး၊ ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံထားရသူ (၃,၂၆၁)ဦး၊ အိန္ဒိယတွင် (၁,၁၉၃,၀၇၈)ဦးနှင့် လာအိုနိုင်ငံတွင် (၁၉)ဦးရှိနေကြောင်း JOHNS HOPKINS ၏ ထုတ်ပြန်ချက်အရ သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~