မကွေးတိုင်းတွင် (၃)လတာအတွင်း ဒေသတွင်းကူးစက်မှု (၁၀) ရာခိုင်နှုန်းအထက် တွေ့လာ၍ ထိတွေ့ကူးစက်မှု သတိထားရန် တိုက်တွန်း

မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်
မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်
မကွေးတိုင်းတွင် (၃)လတာအတွင်း ဒေသတွင်းကူးစက်မှု (၁၀) ရာခိုင်နှုန်းအထက် တွေ့လာ၍ ထိတွေ့ကူးစက်မှု သတိထားရန် တိုက်တွန်း

မကွေးတိုင်းတွင် (၃) လအတွင်း COVID 19 အတည်ပြုလူနာ (၁၀) ယောက်လျှင် (၁) ယောက်မှာ ဒေသတွင်းကူးစက်မှု ဖြစ်၍ ထိတွေ့ကူးစက်မှုကို သတိထားကြရန် မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သတိပေးထားသည်။

 နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ အခု ဇန်နဝါရီလအတွင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ပိုးတွေ့က (၁၀) ရာခိုင်နှုန်း၊ ထိတွေ့ကူးစက်က (၁၀) ရာခိုင်နှုန်းအထက်ရှိလာနေပြီး ပိုတွေ့သူ (၃၀၀)ကျော်မှာ အနံ့ ပျောက်လက္ခဏာရှိသူက (၈၀) လောက်ပါရှိနေလို့ တစ်ဦးချင်း စည်းကမ်းလိုက်နာကြဖို့ အထူးလိုအပ်နေပါတယ်

ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပြောသည်။

မကွေးတိုင်းအတွင်း ဇန်နဝါရီလ (၂၃) ရက်နေ့၊ နံနက် (၇) နာရီအချိန်ထိ COVID-19 ပိုးတွေ့လူနာ စုစုပေါင်း (၃၁၅၀) ဦးရှိပြီး အောင်လံမြို့နယ်မှာ အတည်ပြုလူနာ အများဆုံး၊ မကွေးမြို့နယ်မှာ ဒုတိအများဆုံး၊ မင်းဘူးမြို့နယ်မှာ တတိယအများဆုံးနှင့် စလင်းမြို့နယ်မှာ စတုတ္ထအများဆုံး မြို့နယ်များဖြစ်နေကြသည်။

မကွေးတိုင်းဒေသကြီးတွင် ပိုးတွေ့သူများအနက် ရန်ကုန်မှ ပြန်လာသူ (၆၀) ရာခိုင်နှုန်း၊ မန္တလေးမှ ပြန်လာသူ (၁၀) ရာခိုင်နှုန်း ခန့်ရှိပြီး ပိုးတွေ့သူများ၏ (၇၅) ရာခိုင်နှုန်းကျော်မှာ quarantine center များ၌ ထားရှိသူများဖြစ်ပြီး သံသယလူနာနှင့် အနံ့ပျောက်လက္ခဏာရှိသူ (၄)ဦးလျှင် (၁)ဦးနှုန်း ပိုးတွေ့ရကြောင်း သိရသည်။

Tachileik News Agency

 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...