လားရှိုးမြို့နယ်အတွင်းမှ  စာသင်ကျောင်းများ အားလုံး Covid-19 ကြောင့် ယာယီ ပြန်ပိတ်

လားရှိုးမြို့နယ်အတွင်းမှ  စာသင်ကျောင်းများ အားလုံး Covid-19 ကြောင့် ယာယီ ပြန်ပိတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ဇွန်လ၏ (၂၁)ရက်တာအတွင်း Covid-19 အတည်ပြုလူနာ (၃၀၀)ကျော်ရှိနေပြီး သေဆုံးသူမှာလည်း အနည်းဆုံး (၇)ဦးအထိ ရှိနေသည့်အတွက် Stay at Home သတ်မှတ်လိုက်ပြီး မြို့နယ်တွင်းရှိ စာသင်ကျောင်းများ အားလုံးကို ဇွန်လ(၂၈)ရက်နေ့က စ၍ ယာယီပိတ်ကြောင်း သိရသည်။

Covid-19 အတည်ပြုလူနာ (၃၀၀)ကျော်အထိ ရှိထား၍ စာသင်ကျောင်းများကို ယာယီပိတ်ထားလိုက်သော်လည်း မြို့နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် ပညာရေးမှူးရုံးများရှိ ဝန်ထမ်းများ တစ်ဝက်တက် တစ်ဝက်(၂)ပတ်နား စနစ်ဖြင့် ရုံးတက်ရောက်ရန် လားရှိုးအခြေစိုက် ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)က ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂၇)ရက်နေ့တွင် ညွှန်ကြားထားကြောင်း သိရသည်။

လားရှိုးမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့က စတင်ကာ ဇွန်လ(၂၇)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၃၀၀)ကျော်ရှိနေရာတွင် ကူးစက်ခံရသူများမှ သာမာန်ပြည်သူများသာမက ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနများမှ ဝန်ထမ်းများလည်း ကူးစက်ခံထားရကြောင်း သိရသည်။