ရန်ကုန်တွင် COVID-19 ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်မှုဖြင့် ဘာသာရေးပွဲ ကျင်းပသူ (၄)ဦးကို အမှုဖွင့် အရေးယူထား

ရန်ကုန်တွင် COVID-19 ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်မှုဖြင့် ဘာသာရေးပွဲ ကျင်းပသူ (၄)ဦးကို အမှုဖွင့် အရေးယူထား
ဧပြီ 14, 2020
By Tachileik News Agency
ရန်ကုန်တွင် COVID-19 ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်မှုဖြင့် ဘာသာရေးပွဲ ကျင်းပသူ (၄)ဦးကို  အမှုဖွင့် အရေးယူထား

COVID-19 ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်ခဲ့မှုဖြင့် သင်းအုပ်ဆရာ ဦးစောကွယ်ဝါး၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ တရားဟောဆရာ ဦးစောဒေးဗစ်(ခ) ဦးစောဒေးဗစ်လားနှင့် နဝရတ်တေးသံသွင်းမှ ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် COVID 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ထုတ်ပြန်ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များတွင် COVID 19 ကူးစက်စေနိုင်သဖြင့် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ကို မလိုက်နာခဲ့သဖြင့် ယင်းကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန်ုတိုင်းဒေသကြီး Coronavirus Disease 2019 (COVID 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့ အသိပေးကြေညာချက်တွင် ဖေါ်ပြထားသည်။

ရန်ကုန်မြို့တွင် နိုင်ငံခြားသားများ ပါဝင်သည့် ဘာသာရေးပွဲတစ်ခုကို အတူတက်ခဲ့သူ (၄)ဦးအား COVID 19 အတည်ပြုလူနာများအဖြစ် ဧပြီလ (၁၁)ရက်နေ့က ဓါတ်ခွဲတွေ့ရှိပြီးနောက် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ဧပြီလ (၁၃)ရက်နေ့က ထပ်မံဓါတ်ခွဲစစ်ဆေးရာ COVID 19 အတည်ပြုလူနာများ ထပ်တိုးလာခြင်းဖြစ်သည်။

ရောဂါကူးစက်စေသည့် လူစုလူဝေးပြုလုပ်ခဲ့သည့် သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်းတွင် (ပ) ၇၀၆/၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း၊ တရားဟောဆရာ ဦးစောဒေးဗစ် (ခ) ဦးစောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့အား မရမ်းကုန်းမြို့မရဲစခန်းတွင် (ပ)၅၈၃/၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယင်းအပြင် အတည်ပြုလူနာများနေထိုင်ခဲ့သည့် တောင်ဥက္ကာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်များအတွင်းရှိ နေအိမ်များ၊လမ်းများနှင့် အင်းစိန်မြို့နယ်ရှိ ဗေသလနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့ကို ရောဂါမပျံ့ပွားစေရန် အသွားအလာကန့်သတ်တားမြစ်ထားပြီဖြစ်ကြောင်းသိရသည်။ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်ခဲ့မှုဖြင့် သင်းအုပ်ဆရာ ဦးစောကွယ်ဝါး၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ တရားဟောဆရာ ဦးစောဒေးဗစ်(ခ) ဦးစောဒေးဗစ်လားနှင့် နဝရတ်တေးသံသွင်းမှ ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် COVID 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ထုတ်ပြန်ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များတွင် COVID 19 ကူးစက်စေနိုင်သဖြင့် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ကို မလိုက်နာခဲ့သဖြင့် ယင်းကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန်ုတိုင်းဒေသကြီး Coronavirus Disease 2019 (COVID 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့ အသိပေးကြေညာချက်တွင် ဖေါ်ပြထားသည်။

ရန်ကုန်မြို့တွင် နိုင်ငံခြားသားများပါဝင်သည့် ဘာသာရေးပွဲတစ်ခုကို အတူတက်ခဲ့သူ (၄)ဦးအား COVID 19 အတည်ပြုလူနာများအဖြစ် ဧပြီလ (၁၁)ရက်နေ့က ဓါတ်ခွဲတွေ့ရှိပြီးနောက် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ဧပြီလ (၁၃)ရက်နေ့က ထပ်မံဓါတ်ခွဲစစ်ဆေးရာ COVID 19 အတည်ပြုလူနာများ ထပ်တိုးလာခြင်းဖြစ်သည်။

ရောဂါကူးစက်စေသည့် လူစုလူဝေးပြုလုပ်ခဲ့သည့် သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်းတွင် (ပ) ၇၀၆/၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း၊ တရားဟောဆရာ ဦးစောဒေးဗစ် (ခ) ဦးစောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့အား မရမ်းကုန်းမြို့မရဲစခန်းတွင် (ပ)၅၈၃/၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယင်းအပြင် အတည်ပြုလူနာများနေထိုင်ခဲ့သည့် တောင်ဥက္ကာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်များအတွင်းရှိ နေအိမ်များ၊လမ်းများနှင့် အင်းစိန်မြို့နယ်ရှိ ဗေသလနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့ကို ရောဂါမပျံ့ပွားစေရန် အသွားအလာကန့်သတ်တားမြစ်ထားပြီဖြစ်ကြောင်းသိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~