ထိုင်းနိုင်ငံတွင် မူးယစ်မှုဖြင့် ထိန်းသိမ်းခံရသည့် မြန်မာအမျိုးသမီးအား ထိုင်းရဲအရာရှိက အဓမ္မပြုကျင့်

ထိုင်းနိုင်ငံတွင် မူးယစ်မှုဖြင့် ထိန်းသိမ်းခံရသည့် မြန်မာအမျိုးသမီးအား ထိုင်းရဲအရာရှိက အဓမ္မပြုကျင့်
ဇန်နဝါရီ 15, 2021 | နိုင်ငံတကာသတင်း

မူးယစ်မှုဖြင့် ထိန်းသိမ်းခံရသည့် မြန်မာအမျိုးသမီးအား ရဲစခန်းအတွင်း အဓမ္မပြုကျင့်မှုဖြင့် ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင် အကြီးတန်းရဲအရာရှိတစ်ဦးကို ရာထူးမှဆိုင်းငံ့ကာ စုံစမ်စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း သိရသည်။

ဆူရတ်ဌာနီရှိ နယ်မြေရဲစခန်းတစ်ခုမှ စခန်းမှူးဖြစ်သည့် အဆိုပါရာရှိအား ရာထူးမှ ဆိုင်းငံ့ရန်နှင့် စုံစမ်းစစ်ဆေးရေးကော်မတီကို အခင်းဖြစ်နေ့မှ (၇) ရက်အတွင်း ဖွဲ့စည်းစစ်ဆေးရန် ဆူရတ်ဌာနီရဲတပ်ဖွဲ့အကြီးအကဲက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၌ အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆူရတ်ဌာနီရှိ ဘိုဖွန်းနယ်မြေရဲစခန်းတွင် ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက် (၁)နာရီ မိနစ် (၅၀)နှင့် နံနက် (၂)နာရီခွဲဝန်းကျင် အကြားတွင် မူးယစ်မှုဖြင့် ထိန်းသိမ်းထားသည့် အသက် (၂၁)နှစ်အရွယ် မြန်မာအမျိုးသမီးကို အမျိုးသမီးအချုပ်ခန်းမှ သီးသန့်အခန်းတစ်ခုသို့ ခွဲထုတ်ထားပြီး အဆိုပါရဲစခန်းမှူးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနောက် မြန်မာအမျိုးသမီးအား အမျိုးသမီးအချုပ်ခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာအမျိုးသမီးက မြန်မာသံရုံးသို့ အသိပေးနိုင်ခဲ့သဖြင့် ရဲအရာရှိအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား ဆေးရုံတွင် ဆေးစစ်ဆေးမှုလုပ်ဆောင်ပေးနေပြီး ရဲအရာရှိကို ကော့စမွီတရားရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

Tachileik News Agency

Source: The Nation 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။