ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်အဆောက်အဦသစ် တည်ဆောက်ရေး ဓလေ့ထုံးတမ်းအရ ပူဇော်ပသခြင်းလုပ်ဆောင်

ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်အဆောက်အဦသစ် တည်ဆောက်ရေး ဓလေ့ထုံးတမ်းအရ ပူဇော်ပသခြင်းလုပ်ဆောင်
ဒီဇင်ဘာ 21, 2019
By Tachileik News Agency
ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်အဆောက်အဦသစ် တည်ဆောက်ရေး ဓလေ့ထုံးတမ်းအရ 
ပူဇော်ပသခြင်းလုပ်ဆောင်

ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ် အဆောက်အဦသစ်တည်ဆောက်ရေး အဆင်ပြေချောမွေ့စေရန် ဓလေ့ထုံးတမ်းအရ ပူဇော်ပသခြင်းများကို လုပ်ဆောင်ထားသည်ကို The Nation သတင်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့က ဖေါ်ပြထားသည်ကို တွေ့ရသည်။

လေဆိပ်အဝင် စစ်ဆေးရေးမြန်ဆန်စေရေးအတွက် အဖွဲ့လိုက်လာသည့်ခရီးသွားများ လေဆိပ်အဝင်အတွက် သီးသန့်အသုံးပြုမည့် နှစ်ထပ်အဆောက်အဦသစ်တစ်ခုကို တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆောက်အဦသစ်တည်ဆောက်ခြင်းကို နိုဝင်ဘာလ (၁၈)ကတည်းက စတင်နေခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဧပြီလ (၁၅)ရက်နေ့ဝန်းကျင်တွင် ပြီးစီးရန် မျှော်လင့်ထားကြောင်း သိရသည်။

ဒွန်မောင်းလေဆိပ်၏ ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေးအတွက် အကြံဉာဏ်များကိုလည်း ပေးနိုင်ကြကြောင်း လေဆိပ်တာဝန်ရှိသူက ပြောကြားထားသည်။

Tachileik News Agency
Soruce; The Nation 
Photo: The Nation

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~