မြန်မာ့အရေးအတွက် အာဆီယံ၏ အချက်(၅)ချက် အကောင်အထည်ဖေါ်ရေးကို ပြင်သစ်ထောက်ခံကြောင်း ထိုင်းနိုင်ငံကို အသိပေး

ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Jean-Yves Le Drian နှင့် ထိုင်းကာကွယ်ရေးဝန်ကြီး Mr. Don Pramudwinai တို့ တွေ့ဆုံစဉ် [ Photo: ပြင်သစ် မြန်မာ သံရုံး]
ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Jean-Yves Le Drian နှင့် ထိုင်းကာကွယ်ရေးဝန်ကြီး Mr. Don Pramudwinai တို့ တွေ့ဆုံစဉ် [ Photo: ပြင်သစ် မြန်မာ သံရုံး]
မြန်မာ့အရေးအတွက် အာဆီယံ၏ အချက်(၅)ချက် အကောင်အထည်ဖေါ်ရေးကို ပြင်သစ်ထောက်ခံကြောင်း ထိုင်းနိုင်ငံကို အသိပေး
ဖေဖော်ဝါရီ 24, 2022 | နိုင်ငံတကာသတင်း

မြန်မာ့အရေးအတွက် အာဆီယံ၏ အချက် (၅) ချက်အကောင်အထည်ဖေါ်ရေး လုပ်ဆောင်ချက်ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Jean-Yves Le Drian နှင့် ထိုင်းကာကွယ်ရေးဝန်ကြီး Mr. Don Pramudwinai တို့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့က တွေ့ဆုံမှုအတွင်း ထုတ်ဖေါ်ပြောကြားသည်ဟု သိရသည်။

ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Jean-Yves Le Drian သည် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး Mr. Don Pramudwinai နှင့် တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ၏ အခြေအနေယိုယွင်းလာမှုအပေါ် စိုးရိမ်မှုဖြစ်ရကြောင်းနှင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ လုပ်ဆောင်ချက်အတွက် ပြင်သစ်က ထောက်ခံကြောင်း ဖေါ်ပြဆွေးနွေးသည်ဟု သိရသည်။

မြန်မာအတွက် သဘောတူညီထားသည့် အာဆီယံ၏ အချက်ငါးချက်ကို အကောင်အထည်ဖော်ရန် လိုအပ်ပြီး  ပါဝင်ပတ်သက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ်ကို လုပ်ဆောင်ခြင်း အပါအဝင် ဘေးကင်းပြီး အဟန့်အတားမရှိ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ရေးတွင် ထိုင်းနိုင်ငံမှ ပါဝင်နိုင်သည့် မရှိမဖြစ် အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့ကြောင်း သိရသည်။

 မြန်မာအာဏာသိမ်းအဖွဲ့က အာဆီယံတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်သဘောတူညီထားသည့် အချက် (၅) ချက်ကို လက်တွေ့အကောင်အထည်ဖေါ်ရန် လုပ်ဆောင်ခြင်းမရှိသဖြင့် အာဆီယံသမိုင်းတွင် ထိပ်သီးအစည်းအဝေးများတွင် တက်ရောက်ခွင့် ပိတ်ပင်ခံရသည့် ပထမဆုံးနိုင်ငံဖြစ်ခဲ့ရခြင်းဖြစ်သည်။